မင်္ဂလာပါ
တယ်လီနော ဆင်းကဒ်သုံးသူများ သူငယ်ချင်းတို့ ဖုန်းပိတ်ထားချိန် ဒါမှမဟုတ် ဆက်သွယ်မှု့ ဧရိယာ ပြင်ပရောက်ရှိနေချိန်တွင် သတိပေးသည့်စနစ် Miss Call Alert ဝန်ဆောင်မှု့ကို ဇွန်လ ၂၅ ရက်နေ့မှ စ၍ အခမဲ့ အသုံးပြုနိုင်ပါပြီ ယခင်က Miss Call Alert ကို အသုံးပြုလျှင် တစ်ပတ် ၃၀၀ ပေးရပါတယ် အခု အခမဲ့အသုံးပြုနိုင်ပါသည် Miss Call Alert က ဘာအတွက်ကောင်းလဲဆိုရင် သူငယ်ချင်းတို့ ဖုန်းပိတ်ထားစဉ် ဒါမှမဟုတ် ဆက်သွယ်မှု့ ဧရိယာ ပြင်ပရောက်ရှိနေလျှင် တစ်ခြားသူက ဖုန်းခေါ်ထားပါက သူငယ်ချင်းတို့ ဖုန်းပြန်ဖွင့်လို့ ဒါမှမဟုတ် ဆက်သွယ်မှု့ ကွန်ယက် ပြန်ရရှိသော နေရာရောက်လျှင် သူငယ်ချင်းတို့ ဖုန်းမှာ မက်ဆေ့စ် ပို့ပါလိမ့်မယ် ဘယ်သူ ဘယ်ဝါခေါ်ထားကြောင်း ဖုန်းနံပါတ်ပေါ်ပါမယ်
Miss Call Alert ကို အခမဲ့ အသုံးပြုလိုလျှင်
sms 222 ကို MCA ON ဟု ပို့ပေးပါ
မက်ဆေ့စ်ပို့လို့ စိတ်ညစ်ကာ ပြန်ဖျက်ချင်ရင်
sms 222 ကို MCA OFF ဟု ပို့ပေးပါ
တယ်လီနော ဆင်းကဒ်ပေါ်ကာ စက ကလိရင်း Miss Call Alert ဝယ်မိသွားတာ မက်ဆေ့တွေရောက် တစ်ပတ် ၃၀၀ ဖျက်လို့ စိတ်ညစ်တာ အော်ပရေတာ မေးဖျက်ခဲ့ရတာ အမှတ်တရပေါ့
အဆင်ပြေပါစေ
ဟင်္သာတ ယုံသလင်းသား အောင်လေး
( နည်းပညာ )
No comments:
Post a Comment