ဖုန်းလိုင်း ဘယ်လောက်မိတယ်ဆိုတာကို တိတိကျကျ စစ်ဆေးတဲ့ နည်းလမ်း
ဖုန်းလိုင်း ဘယ်လောက် မိတယ်ဆိုတာကို တိတိကျကျ သိဖို့အတွက် ဖုန်းအပေါ်မှာ ပြထားတဲ့ အတုံးတုံးများက မှန်မှန်ကန်ကန် မဖော်ပြ နိုင်ပါဘူး။ လုံးဝ မမှန်တာ မဟုတ်ပေမယ့် သူ့ရဲ့ ဖော်ပြမှုက တစ်ခါတစ်လေမှာ မှားနေတတ်ပါတယ်။ တစ်တုံးလောက်ပေါ်နေရင်လည်း ဖုန်းကောင်းကောင်း ပြောလို့ရနေတာမျိုးတွေလည်း ရှိတာကြောင့် သူ့ရဲ့ အမှန်တကယ်အစစ်မှာ ၃ တုံးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ယင်းကဲ့သို့မှားယွင်းမှုများမရှိအောင် စစ်ဆေးတဲ့ နည်းကတော့ Field Test သို့ ဝင်ခြင်း ဖြစ်ပါတယ်။ Android မှာဆိုရင်တော့ Setting>About Phone ကနေ ဝင်ပြီးတော့ Network, Status တို့မှာ dBm number ကို ပြနေပါလိမ့်မယ်။ အိုင်ဖုန်း သမားများအတွက်ကတော့ ပုံမှာ ပြထားတဲ့ ကုဒ်ကို နှိပ်ပီးတော့ Dail လုပ်လိုက်ရုံ ပါပဲ။ *3001#12345#* ကို ရိုက်ပြီးတော့ Call ကို Press လုပ်လိုက်ရင် ပုံမှာ ပြထားတဲ့ နေရာကို ပြပါလိမ့်မယ်။
လိုင်းဆွဲအား ဘယ်လောက်ရှိတယ် ဆိုတာကို တုံးတွေပြနေ ရှိတဲ့ နေရာမှာ သင်္ချာဂဏန်းနဲ့ ပြပါလိမ့်မယ်။ သူက dBm number ဖြစ်ပါတယ်။ – အနောက်က ဂဏန်း သေးလေလေ လိုင်းဆွဲအား ကောင်းလေလေ ဖြစ်ပါတယ်။ ဥပမာ -60 ရဲ့ လိုင်းဆွဲအားက -70 ထက် ပိုကောင်း ပါတယ်။ ပိုပြီးတော့ တိကျတဲ့ အဖြေကို လိုချင်ရင် Wi-Fi နဲ့ အင်တာနက် data ကို ပိတ်ပြီးတော့ စစ်နိုင်ပါတယ်။ သူက လိုင်းဆွဲအားတင် ပြတာ မဟုတ်ပဲ Telecommunication သမားတွေ အတွက် အရေးပါတဲ့ အချက်အလက်များကို ဖော်ပြပေးထား ပါတယ။်
ဒါကြောင့်မို့ ပုံမှာ တွေ့တဲ့ ရလဒ်ကို ကြည့်ခြင်းဖြင့် မိမိအိမ်မှာနေရင်ပဲ ဖြစ်ဖြစ် ရုံးထဲမှာ ဖြစ်ဖြစ် ဖုန်းလိုင်းဆွှဲအား အခြေအနေကို ခွဲခြား စစ်ဆေး နိုင်ပါတယ်
Credit – Myanmar Mobile App
အဆင်ပြေပါစေဗျာ ဟင်္သာတ ယုံသလင်းသား
အောင်လေးနည်းပညာ {<<<`မွန်းလ´>>>}
09794526099
အောင်လေးနည်းပညာ
Tuesday, January 12, 2016
{`မင်္ဂလာပါ´}
Sunday, January 10, 2016
<<<`မင်္ဂလာပါ´>>>စိချင်းစကားပြောနိုင်တော့မှာလား ဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်
နည်းပညာကြောင့် စိတ်ချင်း စကားပြောနိုင်တော့မလား
စကားပြောတဲ့အခါ ဦးနှောက်မှာ ဖြစ်ပေါ်တဲ့ ဦးနှောက်လှိုင်းတွေကို ဖတ်ပြီး အဓိပ္ပါယ်ဖော်နိုင်တဲ့
နည်းပညာကို ဂျပန်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ဦးနှောက်မှာ ဖြစ်ပေါ်တဲ့ လှိုင်းတွေဟာ အသံထွက်ပြောတဲ့အချိန်နဲ့ အသံမထွက်တဲ့ အချိန်မှာလည်း အတူတူပဲ ဖြစ်တယ်လို့ သိရပါတယ်။ လူတစ်ဦးပြောမယ့် စကားလုံးတွေကို ဒီနည်းပညာက ၉၀ ရာခိုင်နှုန်းထိ တိကျစွာ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။ ဦးနှောက်ရဲ့လှိုင်းတွေကို တိုင်းဖို့EEG ဖတ်တဲ့စနစ်ကို သုံးခဲ့တာဖြစ်ပြီး ဘာသာစကားနဲ့ပက်သက်ပြီး အဓိကအလုပ်လုပ်နေတဲ့ ဦးနှောက်တွင်းက နေရာကို အဓိကထားခဲ့တာ ဖြစ်ပါတယ်။yushu နည်းပညာအင်စတီကျူ့ကနေ အဆိုပါ နည်းပညာကို လေ့လာတီထွင်ခဲ့တာဖြစ်ပြီး စက်ရုပ်တွေကို ထိန်းချုပ်အမိန့်ပေးရာမှာ အသုံးပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဒီနည်းပညာကြောင့် ရုပ်ပိုင်းအရစကားမပြောဘဲ စိတ်ချင်းဆက်သွယ်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာဖို့ ဖြစ်နိုင်ချေ
မြင့်မားလာပါတယ်။
Credit – Duwun
ဟင်္သာတ ယုံသလင်းသားအောင်လေးနည်းပညာ
{~~~`မွန်းလ´~~~}
`မင်္ဂလာပါ´ ချစ်သူများ ဒီဆော့ဝဲလ်လေးသုံးပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်ကြမယ်
ချစ်သူများဒီဆော့ဝဲလေးသုံးပြီးတစ်ယောက်နဲ့တစ်ယောက်ကြည့်ုကမယ်.
ဒီဆော့ဝဲကိုအသုံးပြုဖို့အင်တာနက်လိုအပ်ပါတယ်..
အသုံးပြုဖူးထာသောသူများတော့သိပါလေ့မယ်..
အရင်ဆုံးဒီဆော့ဝဲကိုတစ်ဖက်လူမှာလဲရှိရပမယ်ဒါမှသာလျှင်အပြန်အလှန်မြင်နိုင်ကြားနိုင်မှာဖြစ်ပါတယ်..
အသုံးပြုနည်း
==========
(၁) တစ်ဖက်လူမှာ ကိုဖုန်းရဲ့ Device name (သို့)Models name ရှိနေရပမယ်..
(၂)ကိုယ့်ဆီမှာလဲတစ်ဖက်လူရဲ့ Device name(သို့) Models number ရှိနေရပမယ်
(၃)နှစ်ဖက်စလုံးအင်တာနက် ရှိရန်လိုအပ်ပါတယ်
အဲ့ဒါဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်
ဘယ်သွားသွားအကုန်မြင်နိုင်ပါလေ့မယ်ဗျာ.
လွယ်လို့ပုံနဲ့ရှင်းမပြတော့ပါ. အောက်က DOWNLOAD ဆိုတဲ့နေရာမှာ ဆော့ဝဲလ်ကိုယူပါ
<<`DOWNLOAD´>>
အဆင်ပြေပါစေဗျာ
ဟင်္သာတယုံသလင်းသား အောင်လေးနည်းပညာ
{~မွန်းလ~}09794526099Link အဆင်မပြေရင်ဆက်သွယ်ပါ
Saturday, January 9, 2016
"မင်္ဂလာပါ~~~~ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမှားယွင်းနေပါတယ်လုပါနည်းလေးပြောပြပါမယ်
!မင်္ဂလာပါ! super mobile တွင်ကျင်းပမည့် oppo smart phone ၏ promotion အစီအစဉ်
Super Mobile တွင်ကျင်းပမည့် OPPO Smart Phone ၏ Promotion အစီအစဉ်
2016-01-08 Super Mobile
Super Mobile အရောင်းဆိုင်ကြီးများတွင်(8.1.2016 to 10.1.2016) ထိကျင်းပမည့် OPPO Smart Phone ၏ Promotion အစီအစဉ်
1. Joy 3 & Neo 5 ၀ယ်ယူပါက - Speaker + Selfie Stick + ထမင်းဘူး + ဖန်ခွက် + Power Bank + T-Shirt လက်ဆောင်ရရှိမှာဖြစ်ပါတယ်..
2. N1 mini & Mirror 3 & Yo Yo ၀ယ်ယူပါက - Speaker + Selfie Stick + ထမင်းဘူး + ဖန်ခွက် + Cover + မှန်ကပ် + Power Bank + T-Shirt (or) Umbrella လက်ဆောင်ရရှိမှာဖြစ်ပါတယ်..
3. Neo 7 ၀ယ်ယူပါက - 5 မျိုးပါလက်ဆောင်ဘူး ( Speaker + Selfie Stick + Tripod + Cover + မှန်ကပ် ) + MPT Internet Card + Power Bank + T-Shirt (or) Umbrella လက်ဆောင်ရရှိမှာဖြစ်ပါတယ်..
4. Mirror 5 ၀ယ်ယူပါက - Speaker + Selfie Stick + ထမင်းဘူး + ဖန်ခွက် + Power Bank + Umbrella လက်ဆောင်ရရှိမှာဖြစ်ပါတယ်..
5. R7 Lite ၀ယ်ယူပါက - Speaker + Selfie Stick + ထမင်းဘူး + ဖန်ခွက် + Cover + Power Bank + Umbrella လက်ဆောင်ရရှိမှာဖြစ်ပါတယ်..
OPPO အဆင့်မြင့် Smart Phone ကို ၀ယ်ယူပြီး OPPO ၏ Promotion အစီအစဉ်ကို ပါဝင်ဆင်နွဲရအောင် Super Mobile သို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်....
ဝယ်ယူရရှိနိုင်သော Super Mobile Center များ၏ လိပ်စာများမှာ -
Super Mobile Center(1) - အမှတ် (B-1,2,3)၇၈လမ်း ၂၇ x ၂၈ကြား၊မန္တလေးမြို့။ ဖုန်း - ၀၂ ၆၈၄၀၅၊ ၆၈၄၀၆၊ ၂၄၈၀၉
Super Mobile Center(2) - အမှတ် (၈၇)၊ ၈၄လမ်း၊ ၂၈ x ၂၉ကြား၊ မန္တလေးမြို့။ ဖုန်း - ၀၂ ၆၆၈၈၄၊ ၇၂၀၈၁၊ ၀၉ ၄၀၂၆၀၉၉၉၆
Super Mobile Center(3) - အမှတ်(၇၈)၊ ၃၀လမ်း၊ ၆၆ × ၆၇ကြား၊ မန္တလေးမြို့။ ဖုန်း - ၀၉ ၄၀၂၆၀၆၆၆၁၊ ၀၉ ၄၀၂၆၀၆၆၆
ဟင်္သာတ ယုံသလင်းသား အောင်လေးနည်းပညာ
09794526099 "အဆင်ပြေပါစေ"
"မင်္ဂလာပါ"
သင့်၏ဖုန်းအားအမြဲသစ်လွင်တောက်ပစေမည့် Maximum Sticker 2016-01-08 Super Mobile ကျေးဇူးရှင် Customer များကို ကျေးဇူးတုန့်ပြန်သောအနေဖြင့် Super Mobile တွင် maximum မှထုတ်လုပ်သော Film Cover Full Body ကို ဖုန်းတစ်လုံးထက်ပို၍ ကပ်ပါက တစ်လုံးထက်ပိုသော အလုံးအရေအတွက် ၁လုံးချင်းစီ၏ ထက်ဝက်ဈေး (50%) လျှော့ပေးမည် ဖြစ်သည့်အပြင် မိမိဖုန်းအား sticker ကပ်နေပုံအား ဓာတ်ပုံရိုက်ယူ၍ Facebook ပေါ်သို့ တင်မည်ဆိုပါက နောက်ထပ် 5% ထပ်မံလျှော့ပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်... Super Mobile သို့ အစဉ်အမြဲ အားပေးကြသော မိတ်ဟောင်း/မိတ်သစ်များ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ..
ပြန်လည် မျှဝေပေးသူ ဟင်္သာတ ယုံသလင်းသား
အောင်လေးနည်းပညာ 09794526099
အဆင်ပြေပါစေ
Tuesday, January 5, 2016
"မင်္ဂလာပါ" ပိတ်ပင်ထားတဲ့ Video Game (10)ခု
ပိတ်ပင်ထားတဲ့ ဗီဒီယိုဂိမ်း (၁၀) ခု
2016-01-05 နည်းပညာ
ယုတ္တိမတန်တဲ့ အကြောင်းပြချက်တွေနဲ့ ပိတ်ပင်ထားတဲ့
ဗီဒီယိုဂိမ်း (၁၀) ခု
ဂိမ်းလောကဟာ တစ်နေ့တစ်ခြား ကြီးမားလာပြီး ရုပ်သံ ၊ ရုပ်ရှင် နဲ့ မဂ္ဂဇင်းတွေထက် ပိုပြီး ဖွံဖြိုးလာနေပါတယ် ။ ဗီဒီယိုဂိမ်းတွေတချို.ကို အချို.သော နိုင်ငံတွေမှာ တားမြစ်ပိတ်ပင်ထားလေ့ ရှိပါတယ် ။
1. Far Cry 3
အင်ဒိုနီးရှားနိုင်ငံထဲမှာ Far Cry 3 ရောင်းချခြင်းကို တားမြစ်ထားပါတယ် ။ တားမြစ်ထားရခြင်းကတော့ ဒီဂိမ်းထဲက နောက်ခံနေရာတွေဟာ အင်ဒိုနီးရှားနဲ့ ဆင်နေတယ်လို့ ဆိုပါတယ် ။
2. Postal 2
Postal 2 ရောင်းချခြင်းကို ဘရားဇီးနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စာသားတွေ အသုံးပြုထားခြင်း ၊ လူအများကြီး အပေါ့သွားခြင်း ၊ တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်တဲ့ အခန်းတွေ ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေနဲ့ လူနည်းစုတွေကို စော်ကားထားမှုနဲ့ အခြားသော အကြောင်းတရားတွေကြောင့် ပိတ်ပင်ထားရတာပါ ။
3. Splinter Cell: Pandora Tomorrow
Splinter Cell: Pandora Tomorrow ကို တားမြစ်ထားတာကတော့ အင်ဒိုနီးရှား နိုင်ငံမှာပါပဲ ။ ဒီဂိမ်းထဲမှာ အသုံးပြုထားတဲ့ အင်္ဂလိပ်လို “Blood and Prayer” လို့ အဓိပ္ပာယ်ရတဲ့ Darah dan Doa အမည်ရှိ အကြမ်းဖက်သမားအုပ်စုကို ထည့်သွင်းအသုံးပြုထားပါတယ် ။ ဒါဟာ အင်ဒိုနီးရှား သမ္မတနဲ့ ပြည်သူတွေကို စော်ကားတာပဲဆိုပြီး လုံးဝကို ပိတ်ပင်ထားခဲ့ပါတယ် ။
4. Homefront
Homefront ဂိမ်းဟာ မြောက်ကိုရီးယားက အမေရိကန်ကို သိမ်းပိုက်ထားတာကို ပြန်လည်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းဖြစ်ပြီး တောင်ကိုရီးယားမှာ ပိတ်ပင်ထားပါတယ် ။ ဘာကြောင့် ပိတ်ပင်ထားရတာလည်းဆိုတော့ သူတို့ရဲ. အိမ်နီးချင်း မြောက်ကိုရီးယားဟာ ဟာသတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ် ။ တောင်ကိုရီးယားဟာ Kim Jon-Un စိတ်ဆိုးတာကို မခံလိုတာလည်း ဖြစ်ပါလိမ့်မယ်။
5. Saints Row 4
Saints Row 4 ဟာ အကောင်းဆုံး franchise ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး Australia မှာ တားမြစ်ပိတ်ပင်ထားပါတယ် ။ ဒီဂိမ်းထဲက လက်နက်တစ်ခုဖြစ်တဲ့ “alien anal probe” ဆိုတဲ့ နာမည်ဟာ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းဖြစ်တာမို့ နိုင်ငံတွင်းမှာ ရောင်းချခြင်းကို တားမြစ်ထားရတာပါ ။
6. Grand Theft Auto: San Andreas
Grand Theft Auto: San Andreas ကို များစွာသော အကြမ်းဖက်မှုတွေ ၊ မူးယစ်ဆေးရောင်းဝယ်မှု နဲ့ သေနတ်ပစ်ခတ်တဲ့ ပုံရိပ်တွေ အသုံးပြုထားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ တားမြစ်ထားပြီး အမေရိကန်ပြည်ထောင်စုမှာတော့ CJ နဲ့ သူ့ အမျိုးသမီးတို့ရဲ. ညစ်ညမ်းခန်းတွေကြောင့် Adults Only အနေနဲ့သာ ခွင့်ပြုထားပါတယ် ။
7. Call of Duty: Modern Warfare 2
Call of Duty: Modern Warfare 2 ဟာ “No Russian” ဆိုတဲ့ အခန်းကြောင့် အထူးပဲ လူသိများလာတာပါ ၊ ဒါကြောင့်လည်း ရုရှားနိုင်ငံက ဒီဂိမ်းကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
8. Football Manager 2005
Football Manager 2005 ဟာ တိဘတ်ကို အသင်းတစ်သင်းအနေနဲ့ ထည့်သွင်းထားတာမို့ တရုတ်ပြည်မှာ တားမြစ်ပိတ်ပင်ခြင်း ခံထားရပါတယ် ။ တိုင်းပြည်အတွင်းမှာ ဒါကိုခွင့်ပြုဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုပါတယ် ၊ ဒီဂိမ်းရဲ. နောက်ပိုင်း ဗားရှင်းတွေမှာတော့ တိဗက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိတော့ပါဘူး
9. The Darkness
Xbox 360 အတွက် ထုတ်လုပ်တဲ့ The Darkness ကို စင်ကာပူနိုင်ငံမှာ တားမြစ်ပိတ်ပစ်ထားတာ ဖြစ်ပြီး အကြမ်းဖက်မှုပုံရိပ်တွေကို လွန်ကဲစွာ သုံးထားလို့ပါတဲ့ ဒါပေမယ့်လည်း PlayStation 3 ဗားရှင်းကိုတော့ ခွင့်ပြုပေးထားပါတယ် ။
10. Battlefield 4
Battlefield 4 မှာ လူကောင်းတစ်ယောက်ကို ပါကစ္စတန်စစ်တပ်က ရန်သူအဖြစ် သတ်မှတ်ထားပုံမျိုး တင်ဆက်ထားပါတယ် ။ ဒါကြောင့်မို့လည်း ဒီဂိမ်းရောင်းချကစားခြင်းကို ပါကစ္စတန်မှာ တားမြစ်ထားပြီး ထောင်တောင်ကျနိုင်ပါသေးသတဲ့ ။
အဆင်ပြေပါစေ """ဟင်္သာတ ယုံသလင်းသား
အောင်လေးနည်းပညာ "မွန်းလ"
Credit - Myanmar Porta