Sunday, January 10, 2016

<<<`မင်္ဂလာပါ´>>>စိချင်းစကားပြောနိုင်တော့မှာလား ဆိုတာလေးကိုပြောပြမှာဖြစ်ပါတယ်


နည်းပညာကြောင့် စိတ်ချင်း စကားပြောနိုင်တော့မလား
စကားပြောတဲ့အခါ ဦးနှောက်မှာ ဖြစ်ပေါ်တဲ့ ဦးနှောက်လှိုင်းတွေကို ဖတ်ပြီး အဓိပ္ပါယ်ဖော်နိုင်တဲ့
နည်းပညာကို ဂျပန်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ဦးနှောက်မှာ ဖြစ်ပေါ်တဲ့ လှိုင်းတွေဟာ အသံထွက်ပြောတဲ့အချိန်နဲ့ အသံမထွက်တဲ့ အချိန်မှာလည်း  အတူတူပဲ ဖြစ်တယ်လို့ သိရပါတယ်။ လူတစ်ဦးပြောမယ့် စကားလုံးတွေကို ဒီနည်းပညာက ၉၀ ရာခိုင်နှုန်းထိ တိကျစွာ အဓိပ္ပါယ်ဖော်နိုင်ပါတယ်။ ဦးနှောက်ရဲ့လှိုင်းတွေကို တိုင်းဖို့EEG ဖတ်တဲ့စနစ်ကို သုံးခဲ့တာဖြစ်ပြီး  ဘာသာစကားနဲ့ပက်သက်ပြီး အဓိကအလုပ်လုပ်နေတဲ့ ဦးနှောက်တွင်းက နေရာကို အဓိကထားခဲ့တာ ဖြစ်ပါတယ်။yushu  နည်းပညာအင်စတီကျူ့ကနေ အဆိုပါ နည်းပညာကို လေ့လာတီထွင်ခဲ့တာဖြစ်ပြီး စက်ရုပ်တွေကို ထိန်းချုပ်အမိန့်ပေးရာမှာ အသုံးပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဒီနည်းပညာကြောင့် ရုပ်ပိုင်းအရစကားမပြောဘဲ စိတ်ချင်းဆက်သွယ်နိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာဖို့ ဖြစ်နိုင်ချေ
မြင့်မားလာပါတယ်။
Credit – Duwun
ဟင်္သာတ ယုံသလင်းသားအောင်လေးနည်းပညာ
{~~~`မွန်းလ´~~~}

No comments:

Post a Comment