Tuesday, January 5, 2016

"မင်္ဂလာပါ" ပိတ်ပင်ထားတဲ့ Video Game (10)ခု

ပိတ်ပင်ထားတဲ့ ဗီဒီယိုဂိမ်း (၁၀) ခု
2016-01-05 နည်းပညာ
ယုတ္တိမတန်တဲ့ အကြောင်းပြချက်တွေနဲ့ ပိတ်ပင်ထားတဲ့
ဗီဒီယိုဂိမ်း (၁၀) ခု
ဂိမ်းလောကဟာ တစ်နေ့တစ်ခြား ကြီးမားလာပြီး ရုပ်သံ ၊ ရုပ်ရှင် နဲ့ မဂ္ဂဇင်းတွေထက် ပိုပြီး ဖွံဖြိုးလာနေပါတယ် ။ ဗီဒီယိုဂိမ်းတွေတချို.ကို အချို.သော နိုင်ငံတွေမှာ တားမြစ်ပိတ်ပင်ထားလေ့ ရှိပါတယ် ။
1. Far Cry 3

အင်ဒိုနီးရှားနိုင်ငံထဲမှာ Far Cry 3 ရောင်းချခြင်းကို တားမြစ်ထားပါတယ် ။ တားမြစ်ထားရခြင်းကတော့ ဒီဂိမ်းထဲက နောက်ခံနေရာတွေဟာ အင်ဒိုနီးရှားနဲ့ ဆင်နေတယ်လို့ ဆိုပါတယ် ။ 
2. Postal 2

Postal 2 ရောင်းချခြင်းကို ဘရားဇီးနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စာသားတွေ အသုံးပြုထားခြင်း ၊ လူအများကြီး အပေါ့သွားခြင်း ၊ တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်တဲ့ အခန်းတွေ ၊ လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေနဲ့ လူနည်းစုတွေကို စော်ကားထားမှုနဲ့ အခြားသော အကြောင်းတရားတွေကြောင့် ပိတ်ပင်ထားရတာပါ ။ 
3. Splinter Cell: Pandora Tomorrow

Splinter Cell: Pandora Tomorrow ကို တားမြစ်ထားတာကတော့ အင်ဒိုနီးရှား နိုင်ငံမှာပါပဲ ။ ဒီဂိမ်းထဲမှာ အသုံးပြုထားတဲ့ အင်္ဂလိပ်လို  “Blood and Prayer” လို့ အဓိပ္ပာယ်ရတဲ့ Darah dan Doa အမည်ရှိ အကြမ်းဖက်သမားအုပ်စုကို ထည့်သွင်းအသုံးပြုထားပါတယ် ။ ဒါဟာ အင်ဒိုနီးရှား သမ္မတနဲ့ ပြည်သူတွေကို စော်ကားတာပဲဆိုပြီး လုံးဝကို ပိတ်ပင်ထားခဲ့ပါတယ် ။ 
4. Homefront

Homefront ဂိမ်းဟာ မြောက်ကိုရီးယားက အမေရိကန်ကို သိမ်းပိုက်ထားတာကို ပြန်လည်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းဖြစ်ပြီး တောင်ကိုရီးယားမှာ ပိတ်ပင်ထားပါတယ် ။ ဘာကြောင့် ပိတ်ပင်ထားရတာလည်းဆိုတော့ သူတို့ရဲ. အိမ်နီးချင်း မြောက်ကိုရီးယားဟာ ဟာသတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ် ။ တောင်ကိုရီးယားဟာ Kim Jon-Un စိတ်ဆိုးတာကို မခံလိုတာလည်း ဖြစ်ပါလိမ့်မယ်။
5. Saints Row 4

Saints Row 4 ဟာ အကောင်းဆုံး franchise ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး Australia မှာ တားမြစ်ပိတ်ပင်ထားပါတယ် ။ ဒီဂိမ်းထဲက လက်နက်တစ်ခုဖြစ်တဲ့ “alien anal probe” ဆိုတဲ့ နာမည်ဟာ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းဖြစ်တာမို့ နိုင်ငံတွင်းမှာ ရောင်းချခြင်းကို တားမြစ်ထားရတာပါ ။ 
6. Grand Theft Auto: San Andreas

Grand Theft Auto: San Andreas ကို များစွာသော အကြမ်းဖက်မှုတွေ ၊ မူးယစ်ဆေးရောင်းဝယ်မှု နဲ့ သေနတ်ပစ်ခတ်တဲ့ ပုံရိပ်တွေ အသုံးပြုထားမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ တားမြစ်ထားပြီး အမေရိကန်ပြည်ထောင်စုမှာတော့ CJ နဲ့ သူ့ အမျိုးသမီးတို့ရဲ. ညစ်ညမ်းခန်းတွေကြောင့် Adults Only အနေနဲ့သာ ခွင့်ပြုထားပါတယ် ။ 
7. Call of Duty: Modern Warfare 2

Call of Duty: Modern Warfare 2 ဟာ  “No Russian” ဆိုတဲ့ အခန်းကြောင့် အထူးပဲ လူသိများလာတာပါ ၊ ဒါကြောင့်လည်း ရုရှားနိုင်ငံက ဒီဂိမ်းကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ 
8. Football Manager 2005

Football Manager 2005 ဟာ တိဘတ်ကို အသင်းတစ်သင်းအနေနဲ့ ထည့်သွင်းထားတာမို့ တရုတ်ပြည်မှာ တားမြစ်ပိတ်ပင်ခြင်း ခံထားရပါတယ် ။ တိုင်းပြည်အတွင်းမှာ ဒါကိုခွင့်ပြုဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ဆိုပါတယ် ၊ ဒီဂိမ်းရဲ. နောက်ပိုင်း ဗားရှင်းတွေမှာတော့ တိဗက်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိတော့ပါဘူး
9. The Darkness

Xbox 360 အတွက် ထုတ်လုပ်တဲ့ The Darkness ကို စင်ကာပူနိုင်ငံမှာ တားမြစ်ပိတ်ပစ်ထားတာ ဖြစ်ပြီး အကြမ်းဖက်မှုပုံရိပ်တွေကို လွန်ကဲစွာ သုံးထားလို့ပါတဲ့ ဒါပေမယ့်လည်း PlayStation 3  ဗားရှင်းကိုတော့ ခွင့်ပြုပေးထားပါတယ် ။ 
10. Battlefield 4

Battlefield 4 မှာ လူကောင်းတစ်ယောက်ကို ပါကစ္စတန်စစ်တပ်က ရန်သူအဖြစ် သတ်မှတ်ထားပုံမျိုး တင်ဆက်ထားပါတယ် ။ ဒါကြောင့်မို့လည်း ဒီဂိမ်းရောင်းချကစားခြင်းကို ပါကစ္စတန်မှာ တားမြစ်ထားပြီး ထောင်တောင်ကျနိုင်ပါသေးသတဲ့ ။
အဆင်ပြေပါစေ  """ဟင်္သာတ ယုံသလင်းသား
အောင်လေးနည်းပညာ "မွန်းလ"
Credit - Myanmar Porta

No comments:

Post a Comment