Saturday, January 2, 2016

* မင်္ဂလာပါ * ကျွန်တော်အခုပြောပြမှာကတော့ selfies photo ကောင်းတွေရဖို့ အချက် ၅ချက် ဖြစ်ပါတယ်

မင်္ဂလာပါ ကျွန်တော်အခုပြောပြမှာကတော့                     ပြီးပြည့်စုံတဲ့ selfies photo ပုံကောင်းတွေရဖို့ လိုက်နာသင့်တဲ့ အချက် ၅ ချက်
ဆွဲဆောင်မှုရှိပြီး ပြည့်စုံတဲ့ selfies ပုံတစ်ပုံရရှိဖို့ ဘယ်လိုရိုက်ကူးသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။ ဖုန်းတွေရဲ. အရှေ.ကင်မရာ တွေပေါ်ပေါက်လာတာဟာ ဓါတ်ပုံလောကအတွက် ကောင်းမွန်သော တီထွင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ် ။ ဟုတ်ပါတယ် ၊ ဖုန်းအရှေ.ကင်မရာနဲ့ ရိုက်ကူးရတဲ့ selfies ဓါတ်ပုံတွေကို ရိုက်ကူးဖို့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားများစွာဟာ ဆန္ဒရှိကြပါတယ် ။ ကျွန်တော်တို့ဟာ selfies ရိုက်ကူးရာမှာ မိမိရဲ. ပုံရိပ်ဟာ လှပဖို့ ၊ ချစ်စဖွယ်ကောင်းဖို့ ၊ ကြည့်ကောင်းဖို့ အစရှိသဖြင့် ဖြစ်လိုတက်ကြပါတယ် ။ ဆွဲဆောင်မှုရှိပြီး ပြည့်စုံတဲ့ selfies ပုံတစ်ပုံရရှိဖို့ ဘယ်လိုရိုက်ကူးသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။
အမြင့်ကရိုက်ပါ
ဓါတ်ပုံပညာရဲ. အခြေခံစည်းမျဉ်းတွေမှာ အကြံပြုထားတာကတော့ ကင်မရာကို မျက်လုံးထက်နိမ့်သော အပိုင်းမှာထားပြီး ဓါတ်ပုံရိုက်ကူးမယ်ဆိုရင် ရှိရင်းစွဲ ပုံရိပ်ကို ကြီးမားတဲ့ဟန်မျိုးနဲ့ ဖော်ပြပေးတက်ပါတယ် ။ ဒီလိုရိုက်ကူးခြင်းဟာ အချို.သော ပုံရိပ်တွေအတွက် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေမယ့် selfies ရိုက်ကူးခြင်းအတွက်တော့ အသုံးမဝင်လှပါဘူး
ကင်မရာကို သင့်မျက်နှာထက်နိမ့်တဲ့ အပိုင်းမှာ ထားပြီးရိုက်ကူးမယ်ဆိုရင် သင့်မျက်နှာဟာ ကြီးမားလွန်းပြီး ကြည့်ကောင်းမှာ မဟုတ်တော့ပါဘူး ။ ဒါကြောင့် အရှေ.ကင်မရာကို သင့်မျက်စိအထက် မြင့်သောနေရာမှာထားပြီး ရိုက်ကူးကြည့်ပြီး ရှိရင်းစွဲထက် သွယ်လျှလှပသော သင့်ပုံရိပ်ကို အံ့အားသင့်ဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
အလင်းရောင်ထဲမှာ ရိုက်ကူးပါ
ကင်မရာတွေဆိုတာ အကြမ်းဖျင်းအားဖြင့် ကျွန်တော်တို့ရဲ့ အမှတ်တရ တွေကို သိမ်းဆည်းပေးထားတယ်လို့ ဆိုပေမယ့်၊ တကယ်တော့ သူ သိမ်းထားပေးထားတာ အလင်းရောင် သဘောတွေပါပဲ ။ သင့်မျက်နှာမှာပေါ် ကျရောက်တဲ့ အလင်းအမှောင်ဟာ သင့် selfies ပုံရိပ်မှာ ကြည့်ကောင်းစေဖို့အတွက် အဓိကကျပါတယ် ။ သင်ဟာ သင်မျက်နှာ ကြည့်ကောင်းဖို့ လုံလောက်တဲ့ အလင်းရောင်ရှိတဲ့ နေရာမှာ နေပြီး ဓါတ်ပုံရိုက်ယူရမှာ ဖြစ်ပါတယ် ။
မိတ်ကပ်လိမ်းချယ်ခြင်း
selfies ရိုက်ကူးဖို့ဆိုရင် မိတ်ကပ်ထူထူလိမ်းချယ်ထားဖို့ မလိုပါဘူး ။ သင့်မျက်နှာလေးဟာ သဘာဝအတိုင်း တင့်တယ်ပြီး ကြည်လင်နေဖို့ပဲ လိုပါတယ် ။ သင်လိမ်းချယ်မယ့် မိတ်ကပ်ဟာ သဘာဝအတိုင်းလှပဖို့ ထောက်ကူနေတာမျိုးပဲ ဖြစ်သင့်ပါတယ် ။
နောက်ခံကို ရွေးချယ်ပါ
ကိုယ်ရိုက်ကူးလိုက်တဲ့ selfies ပုံမှာ စိတ်ပျက်ဖွယ်

ကိုယ်ရိုက်ကူးလိုက်တဲ့ selfies ပုံမှာ စိတ်ပျက်ဖွယ် ကောင်းတဲ့ backgroud မျိုးနဲ့ အရုပ်ဆိုးသွားတာမျိုး ဘယ်သူမှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး ။ အချို. selfies ပုံတွေဟာ နောက်ခံကြောင့် လူရယ်စရာကြီး ဖြစ်သွားတက်ပါတယ် ၊ အဲ့လို ပုံရိပ်မျိုးရိုက်ကူးမိသူတွေထဲမှာ သင်ဟာမပါဝင်ချင်ဘူး ဆိုရင်တော့ ဓါတ်ပုံရိုက်ဖို့ ကလစ်မနှိပ်ခင် သင့် နောက်ခံ background က အရာတွေဟာ သင့် selfies ပုံထဲမှာ ဘယ်လိုပါလာမှာလည်း ဆိုတာကိုစစ်ဆေးရပါမယ် ။ သင့်မျက်နှာ ၊ အဝတ်အစား ၊ သင့်လက်တလောအခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ နောက်ခံ background မျိုးကို ရွေးချယ်ပြီးရိုက်ကူးနိုင်ရင်တော့ ပြီးပြည့်စုံတဲ့ selfies ပုံတစ်ပုံရဖို့ အသေအချာပဲပေါ့ ။
မိမိကိုယ်ကို ယုံကြည်ပါ
ဟုတ်ပါတယ် ၊ selfies ပုံကောင်းတစ်ပုံရဖို့ အရေးအကြီးဆုံးကတော့ သင်ကိုယ်တိုင်ပါပဲ ။ သင်ဖော်ပြချင်တဲ့ စိတ်ခံစားချက်အခြေအနေကို အကောင်းဆုံး ဖော်ပြပေးနိုင်မယ့် မျက်နှာပေးမျိုး ထားရှိပြီး selfies ကို ရိုက်ကူးရပါမယ် ။ (ဥပမာ – ပျော်ရွှင်နေပါက ဟာသပုံလုပ်၍လည်းကောင်း ၊ ဝမ်းနည်းအားငယ်နေပါကလည်း ဝမ်းနည်းနေပုံပေါ်စေဖို့ )
          {အဆင်ပြေပါစေ}   {မွန်းလ} အောင်လေးနည်းပညာ ဟင်္သာတ ယုံသလင်းသားလေး

No comments:

Post a Comment